ရင်ခုန်သံသဲ့သဲ့လေး ကြားနိုင်မယ်
နာရီစက္ကန့်တစ်ချက်ခုန်ရင် အသည်းတွေတုန်
ကိုယ်ခံစားနေတာ အချစ်ရေကြားရဲ့လား
ကိုယ့်နှလုံးသား မင်းတစ်ယောက်ထဲအတွက်ပဲ
ဒါကို မင်းလေးသိ ယုံကြည်ထားလိုက် မုန်းသွားဖို့ ကိုယ့်ရဲ့စိတ်မှာ မတွေး
*ရင်ခွင်မှာ ခိုနားလှည့်တော့အချစ်ရေ
ကိုယ့်အသက်လိုပဲ စောင့်ရှောက်ကာ ချစ်နေမယ်
ကြင်နာမယ့် သံယောဇဉ် ချည်နှောင်တဲ့ကြိုးလေး
ပြတ်လို့မသွားအောင် အကြင်နာအချစ်ရေ ကိုယ့်ရင်ခွင် အပြင်ဘက်ထွက်မပြေးနဲ့
အချစ်ဆုံးရယ် ခေါင်းကလေးမော့
ရင်ခွင်မှာ ငုံ့မထားနဲ့ မြင်ချင်နေတယ် မင်းအပြုံးတွေကို
နေခြည်အထွေးမှာ ပွင့်နေတဲ့ပန်းတွေလို
ဝေဆာမွှေးစိုပြေရနံ့တွေ လန်းဆန်းတဲ့
နုပါးလေးကို မွှေးလိုက်ချင်တယ် အချစ်ရေ
မနမ်းရက်လွန်းလို့ ရင်ထဲ ပြန်ငုံထားတော့ နလုံးသွေးများလဲရပ်တန့်သွား
**ကိုယ်လိုချင်တာာအနမ်းလဲ မဟုတ်ပါ
အချစ် ရင်ထဲက အေးမြတဲ့ မေတ္တာပေးပါ
ရှင်သန်နေမယ်ဒီအချစ်တွေ ရင်ဆိုင်မယ် အားလုံးထက် ကြောချစ်မယ်
ကိုယ့်ရင်ထဲမှာ အချစ်တွေ တကယ်တသက်လုံး သိမ်းထားမယ်
-အချစ်ရယ်သိပ်ချစ်တယ်ယုံလို
ရင်ထဲမှာသိမ်းထားတဲ့ အချစ်တွေ မင်းအတွက်ပဲ
တသက်လုံး ကြင်နာသွားမယ် နှလုံးသွေးများလဲ ရပ်တန့်သွားပါစေ ချစ်မယ်
အိုး..မုန်းသွားဖို့လုံးဝမေ
*ရင်ခွင်မှာ ခိုနားလှည့်တော့အချစ်ရေ
ကိုယ့်အသက်လိုပဲ တကယ် ချစ်နေမယ်
ကြင်နာမယ့် သံယောဇဉ် ချည်နှောင်တဲ့ကြိုးလေး
ပြတ်လို့မသွားအောင် အကြင်နာအချစ်ရေ ကိုယ့်ရင်ခွင် အပြင်ဘက်ထွက်မပြေးနဲ့
*ရင်ခွင်မှာ ခိုနားလှည့်တော့အချစ်ရေ
ကိုယ့်အသက်လိုပဲ စောင့်ရှောက်ကာ ချစ်နေမယ်
ကြင်နာမယ့် သံယောဇဉ် ချည်နှောင်တဲ့ကြိုးလေး
ပြတ်လို့မသွားအောင် အကြင်နာအချစ်ရေ ကိုယ့်ရင် ဟိုးအပြင်ကို ထွက်မပြေးနဲ့
No comments:
Post a Comment