ZBC Choir 1&2 ."MY MUM SUNG THIS TWO TRACKS BY ALTO (TONIC SOLFA LINE)"

'Tis the blessed hour of prayer (Doane)

Clyde McLennan - 'Tis the blessed hour of prayer (Doane)
Found at skreemr.org

Rock of Ages (Toplady)

Clyde McLennan - Rock of Ages (Toplady)
Found at skreemr.org

Clyde McLennan - Christ receiveth sinful men

Clyde McLennan - Christ receiveth sinful men
Found at skreemr.org

www.good-music.org - Draw Me Nearer

www.good-music.org - Draw Me Nearer
Found at skreemr.org

the Jack Pine Pickers - What A Friend We Have In Jesus

the Jack Pine Pickers - What A Friend We Have In Jesus
Found at skreemr.org

DOES JESUS CARE

Christopher Tan - Does Jesus Care
Found at skreemr.org

Monday, October 26, 2009

အချစ်ဆိုတာ မာရ်နတ်ပါ

အချစ်ဆိုတာ
နှလုံးသားနဲ့ဘဝကို
သတ်ဖြတ်ဖျက်စီးတတ်တဲ့မာရ်နတ်တစ်ပါးပါပဲ ။
ဖြူစင်သန့်ရှင်းအေးချမ်းကြည်လင်တဲ့
စိတ်ဓာတ်တွေ အကန့်အသတ်မဲ့
ဘဝတိုးတက်မှူတွေကို နှောင့်နှေးရပ်တန့်
ချုပ်ငြိမ်းဆုံးရုံးသွားစေတဲ့ အရာဟာ
အချစ်ပါပဲ ။ ။

Tuesday, October 13, 2009

နှလုံးသားက ကျောက်ရုပ်လို ငြိမ်သက်ခဲ့ရတဲ့ အစွန့်ပစ်ခံနေ့များ

မလွမ်းဖူးတဲ့ ဒီရင်ဘတ်က
နင်ကျင်ဆွေးမြေ့လို့
သေရာပါမယ့်မြင်ကွင်းတစ်ချို့ကို
ငါ သိပ်မုန်းတယ်...တောက်!
ဘယ်ဆီက ဝဋ်ကြွေးအမှားအယွင်းတွေလဲ
ဒီမှာတင် ကျေပါတော့
တံခါးပိတ်အချစ်တွေနဲ့
အမှောင်ထဲမှာ ငါတစ်ယောက်တည်း
အိမ်ပြန်အထီးကျန်လမ်းလေးတောင်
ငါ့အတွက် ဝမ်းနည်း
လမင်းကို ကြိုးဆွဲချထားတဲ့ ညလို
ငါ့ကို အမှောင်ထဲမှာ ပစ်ထားခဲ့တော့
တရားဝင်စာရင်းမှာ မှတ်တမ်းမှတ်ရာမဲ့ခဲ့ပြီ
ဝှက်ထားလွန်းတဲ့ကျမ်းစာအုပ်က
ခြစားတတ်တယ် သိရဲ့လား
ပျော်ပါစေလေ
အချစ်က ရယူခြင်းတစ်ခုတည်းဆိုရင်
သမိုင်းမှာ
ဒီလောက် နာမည်ကျော်မှာ မဟုတ်ဘူး။ ။

TRIANGLE

အချစ်ဆိုတာ
ကြေကွဲတမ်းကစားတဲ့ နည်းပညာတစ်ခုလား
နောက်ဆုံးမှာ
အရှူးံကိုယ်စီနဲ့အဆုံးသတ်ကြရတယ်
ကံကြမ္မာရယ်
နင် ရှို့တဲ့မီးတောက်ကို
ဘယ်သူငြိမ်းသတ်မလဲ
ကြည့်ကြသေးတာပေါ့။ ။
be friends


a ring is round

it never ends,

and that's

how long

we'll both be friends

Thursday, October 8, 2009

ကျွန်တော်နဲ့ ကြယ် အက်ဆေး

ကျွန်တော် ငယ်ငယ်လေးကတည်းက အဲဒီကြယ်ကို စွဲလမ်းခဲ့ရတယ် ဆိုပါတော့ဗျာ။တိမ်စင်တဲ့ညနက်တွေမှာဆို ကြယ်ပွင့်လေးတွေ လက်ချိုးရေရင်းနဲ့ အိပ်မောကျခဲ့ရတာချည်းပဲ။ အဲဒီကြယ်ပွင့်လေးတွေက ကျွန်တော်နဲ့ ဘယ်လောက်ဝေးဝေး ကျွန်တော့်ကို ချော့သိပ်ဖို့ ကျွန်တော့်ပြတင်းပေါက်မြင်ကွင်းဆီ ညတိုင်း ရောက်ရောက်လာတတ်ခဲ့ကြတယ်။ ကျွန်တော် ကြယ်ပွင့်လေးတွေကို ချစ်တယ် အမေ။
ကျွန်တော် အရွယ်ရောက်လို့ သုံး,လေးတန်းလောက်မှာ ကြယ်ပုံလေးတွေ ဆွဲတတ်လာတယ်။ဆရာမက ပြောတယ်...ကြယ်ပုံဆွဲရတာမာယာပရိယာယ် လုံးဝမပါဘူး...မျဉ်းဖြောင့်လေးတွေ ဟိုဟိုဒီဒီ ဆက်လိုက်ရုံနဲ့ ကြယ်ပုံဖြစ်သွားတဲ့။ ဟုတ်တယ်။ ဘယ်လောက်မာယာကင်းပြီး ရိုးရှင်းတဲ့ကြယ်တွေလဲ။ ကြယ်တွေလိုပဲ လူတွေလဲ ရိုးသားပြီးမကောက်ကျစ်ကြရင် ကောင်းမယ်။
ရင်ခုန်ချစ်တတ်တဲ့အခါ သူ့ထိုးမြဲလက်မှတ်မှာ ကြယ်ပွင့်လေးတစ်ခုထိုးထိုးတတ်တဲ့ကောင်မလေး တစ်ယောက်နဲ့ ဆုံမိပါလေရော။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ကျွန်တော့်အတွက်တော့အချစ်ဦးလို့ပြောလို့ရပါတယ်။သူ့ကိုဘယ်လောက်အထိချစ်မိသလဲဆိုရင် ဘယ်လောက်အထိ ချစ်တယ်လို့ မပြောပြတတ်အောင်အထိ သူ့ကို သိပ်သိပ်ချစ်ခဲ့တယ်ပေါ့ဗျာ။
ဘာသာမတူလူမျိုးကွဲတွေလဲ နားမလည်နိုင်တော့ဘူး။ သူမက ကျွန်တော့်ရဲ့ကြယ်ပွင့်လေးပါပဲ။အမြဲလင်းလက်နေမှာပါ။ သူ့ကို ဘယ်လောက်အထိ ဦးစားပေးသလဲဆိုရင် ငါနင့်ကို အရမ်း ချစ်တယ်လို့ မပြောခဲ့ဘူး ၊ နင့်ကို ငါ အရမ်း ချစ်တယ်လို့ပဲ ဖွင့်ပြောခဲ့တာ။
ချစ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ (စိတ်ဆိုးလို့စကားကြမ်းသွားတာကလွဲရင်) သူ့ကို ဂရုစိုက် ကြင်နာခဲ့ပါတယ်။ သူ တားမြစ်တဲ့ စည်းကမ်းတွေများသလောက် ကျွန်တော့်ဘက်က ဘာမှ ပြန်ပြီး ပြင်းပြင်းထန်ထန်မတားမြစ်ရစ်ခဲ့ပါဘူး။ အဲလောက်ထိနော် အဲလောက်ထိ။ အမိန့်တို့ စည်းကမ်းတို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှူနဲ့ လူအခွင့်အရေးကို တည်ဆောက်နေတဲ့ အိုင်တီခေတ်မှာလူသုံးနည်းပြီး နာမည်လဲ မကြီးတော့ပါဘူး။ အရာရာ အရှူံးနဲ့အလျော့ပေးပြီး ခေါင်းညိမ့်ရုပ် ကျွန်တော် လုပ်ခဲ့ပါတယ်။ သူမ ဟာ ကျွန်တော့်ရဲ့ကြယ်စင်နတ်သမီးလေးပါပဲ။ သူမသာ မရှိရင် ကျွန်တော့်ဘဝက အမှောင်တွေ လင်းနေတော့မှာပါ။

ဝေးကွာခြင်းရယ် ငါ့အနားမလာပါနဲ့ ဆုံဆည်းခြင်းရယ် ငါ့ကို မထားရစ်ခဲ့ပါနဲ့

မျက်ရည်တွေတောင် ငိုနေတယ် ကလေးရေ
ဆုံနိုင်ခွင့်ဟာ မိုးတိမ် မဖြစ်ပါစေနဲ့
ပွင့်တဲ့ပန်းက ညှိုးနွမ်းတတ်လေတော့
ခွဲခွာခြင်းတစ္ဆေကို တွေးကြောက်ခဲ့ပြီ....

ဝေးကွာခြင်းရယ်
ငါ့အနားမလာပါနဲ့ကွယ်။

ပျော်ရမယ့်ရက်တွေအတွက်မျော်လင့်ချက်ကို
တီးခတ်ရင်းနဲ့ ဂီတာအိုလေးက
အလွမ်းဖြစ်လာမှာငါ စိုးရိမ်တယ် အချစ်....

ဆုံဆည်းခြင်းရယ်
ငါ့ကို မထားရစ်ခဲ့ပါနဲ့နော်။

Wednesday, October 7, 2009

သံယောဇဉ် ဆိုတာ..
ပိုင်ဆိုင်ဖို့ အတွက် မပါပါဖူး....
ကျေကျေနပ်နပ်နဲ့ကို
တယောက်နဲ့ တယောက် ဖြည့်ဆည်းပေးတတ်ကြတာ...
ဒါကြောင့်.. သံယောဇဉ်ဆိုတာ..
အချစ်ထက်တော့ ပိုပြီး.. အေးချမ်းပါတယ်...
တခုပဲ...
ဒီလို အေးချမ်းတဲ့ သံယောဇဉ်ကို
ဖြတ်ချင်တယ်ဆိုရင်တော့....
အချိန် ဆိုတဲ့ ဓါးထက်ထက် ၁ ချောင်းတော့ လိုလိမ့်မယ်...go sian Hau

ഫുന്നി video

(font face="Zawgyi-One")hi

Friday, October 2, 2009

ဆူးခင်းတဲ့လမ်းတွေက
ငါ့ရင်ဘတ်ကို
ဖြတ်လျှောက်စူးနစ်သွားခဲ့ကြတယ်
မမြင်နိုင်တဲ့ မိုင်တိုင်တွေကရော
ဘယ်အချိန်အထိ
ကောက်ကွေ့အရွဲ့တိုက်ကြဦးမှာလဲ
အင်းလေ
စ်တွေဟာ ဘယ်တုန်းကများ ဖြောင့်တန်းခဲ့လဲ
အပြင်လောကမှာ

ငါတို့က
ခေါင်းစဉ်မဲ့ခဲ့ကြတယ်။ ။

Search This Blog

Followers

it

သင် ကျွန်တော့စာတွေကို ဖတ်ပြီး တစ်ခုခု commentရေးပေးခဲ့ရင် အရမ်းကိုကျေနပ်ရမှာပါ။