မျက်ရည်တွေတောင် ငိုနေတယ် ကလေးရေ
ဆုံနိုင်ခွင့်ဟာ မိုးတိမ် မဖြစ်ပါစေနဲ့
ပွင့်တဲ့ပန်းက ညှိုးနွမ်းတတ်လေတော့
ခွဲခွာခြင်းတစ္ဆေကို တွေးကြောက်ခဲ့ပြီ....
ဝေးကွာခြင်းရယ်
ငါ့အနားမလာပါနဲ့ကွယ်။
ပျော်ရမယ့်ရက်တွေအတွက်မျော်လင့်ချက်ကို
တီးခတ်ရင်းနဲ့ ဂီတာအိုလေးက
အလွမ်းဖြစ်လာမှာငါ စိုးရိမ်တယ် အချစ်....
ဆုံဆည်းခြင်းရယ်
ငါ့ကို မထားရစ်ခဲ့ပါနဲ့နော်။
my poem
16 years ago




Myanmar Kyat Converter
No comments:
Post a Comment