ကျွန်တော် ငယ်ငယ်လေးကတည်းက အဲဒီကြယ်ကို စွဲလမ်းခဲ့ရတယ် ဆိုပါတော့ဗျာ။တိမ်စင်တဲ့ညနက်တွေမှာဆို ကြယ်ပွင့်လေးတွေ လက်ချိုးရေရင်းနဲ့ အိပ်မောကျခဲ့ရတာချည်းပဲ။ အဲဒီကြယ်ပွင့်လေးတွေက ကျွန်တော်နဲ့ ဘယ်လောက်ဝေးဝေး ကျွန်တော့်ကို ချော့သိပ်ဖို့ ကျွန်တော့်ပြတင်းပေါက်မြင်ကွင်းဆီ ညတိုင်း ရောက်ရောက်လာတတ်ခဲ့ကြတယ်။ ကျွန်တော် ကြယ်ပွင့်လေးတွေကို ချစ်တယ် အမေ။
ကျွန်တော် အရွယ်ရောက်လို့ သုံး,လေးတန်းလောက်မှာ ကြယ်ပုံလေးတွေ ဆွဲတတ်လာတယ်။ဆရာမက ပြောတယ်...ကြယ်ပုံဆွဲရတာမာယာပရိယာယ် လုံးဝမပါဘူး...မျဉ်းဖြောင့်လေးတွေ ဟိုဟိုဒီဒီ ဆက်လိုက်ရုံနဲ့ ကြယ်ပုံဖြစ်သွားတဲ့။ ဟုတ်တယ်။ ဘယ်လောက်မာယာကင်းပြီး ရိုးရှင်းတဲ့ကြယ်တွေလဲ။ ကြယ်တွေလိုပဲ လူတွေလဲ ရိုးသားပြီးမကောက်ကျစ်ကြရင် ကောင်းမယ်။
ရင်ခုန်ချစ်တတ်တဲ့အခါ သူ့ထိုးမြဲလက်မှတ်မှာ ကြယ်ပွင့်လေးတစ်ခုထိုးထိုးတတ်တဲ့ကောင်မလေး တစ်ယောက်နဲ့ ဆုံမိပါလေရော။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ကျွန်တော့်အတွက်တော့အချစ်ဦးလို့ပြောလို့ရပါတယ်။သူ့ကိုဘယ်လောက်အထိချစ်မိသလဲဆိုရင် ဘယ်လောက်အထိ ချစ်တယ်လို့ မပြောပြတတ်အောင်အထိ သူ့ကို သိပ်သိပ်ချစ်ခဲ့တယ်ပေါ့ဗျာ။
ဘာသာမတူလူမျိုးကွဲတွေလဲ နားမလည်နိုင်တော့ဘူး။ သူမက ကျွန်တော့်ရဲ့ကြယ်ပွင့်လေးပါပဲ။အမြဲလင်းလက်နေမှာပါ။ သူ့ကို ဘယ်လောက်အထိ ဦးစားပေးသလဲဆိုရင် ငါနင့်ကို အရမ်း ချစ်တယ်လို့ မပြောခဲ့ဘူး ၊ နင့်ကို ငါ အရမ်း ချစ်တယ်လို့ပဲ ဖွင့်ပြောခဲ့တာ။
ချစ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ (စိတ်ဆိုးလို့စကားကြမ်းသွားတာကလွဲရင်) သူ့ကို ဂရုစိုက် ကြင်နာခဲ့ပါတယ်။ သူ တားမြစ်တဲ့ စည်းကမ်းတွေများသလောက် ကျွန်တော့်ဘက်က ဘာမှ ပြန်ပြီး ပြင်းပြင်းထန်ထန်မတားမြစ်ရစ်ခဲ့ပါဘူး။ အဲလောက်ထိနော် အဲလောက်ထိ။ အမိန့်တို့ စည်းကမ်းတို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှူနဲ့ လူအခွင့်အရေးကို တည်ဆောက်နေတဲ့ အိုင်တီခေတ်မှာလူသုံးနည်းပြီး နာမည်လဲ မကြီးတော့ပါဘူး။ အရာရာ အရှူံးနဲ့အလျော့ပေးပြီး ခေါင်းညိမ့်ရုပ် ကျွန်တော် လုပ်ခဲ့ပါတယ်။ သူမ ဟာ ကျွန်တော့်ရဲ့ကြယ်စင်နတ်သမီးလေးပါပဲ။ သူမသာ မရှိရင် ကျွန်တော့်ဘဝက အမှောင်တွေ လင်းနေတော့မှာပါ။




Myanmar Kyat Converter
No comments:
Post a Comment