ဆူးခင်းတဲ့လမ်းတွေက
ငါ့ရင်ဘတ်ကို
ဖြတ်လျှောက်စူးနစ်သွားခဲ့ကြတယ်
မမြင်နိုင်တဲ့ မိုင်တိုင်တွေကရော
ဘယ်အချိန်အထိ
ကောက်ကွေ့အရွဲ့တိုက်ကြဦးမှာလဲ
အင်းလေ
မြစ်တွေဟာ ဘယ်တုန်းကများ ဖြောင့်တန်းခဲ့လဲ
အပြင်လောကမှာ
ငါတို့က
ခေါင်းစဉ်မဲ့ခဲ့ကြတယ်။ ။
my poem
15 years ago
No comments:
Post a Comment