နှလုံးသားက ကျောက်ရုပ်လို ငြိမ်သက်ခဲ့ရတဲ့ အစွန့်ပစ်ခံနေ့များ
မလွမ်းဖူးတဲ့ ဒီရင်ဘတ်က
နင်ကျင်ဆွေးမြေ့လို့
သေရာပါမယ့်မြင်ကွင်းတစ်ချို့ကို
ငါ သိပ်မုန်းတယ်...တောက်!
ဘယ်ဆီက ဝဋ်ကြွေးအမှားအယွင်းတွေလဲ
ဒီမှာတင် ကျေပါတော့
တံခါးပိတ်အချစ်တွေနဲ့
အမှောင်ထဲမှာ ငါတစ်ယောက်တည်း
အိမ်ပြန်အထီးကျန်လမ်းလေးတောင်
ငါ့အတွက် ဝမ်းနည်း
လမင်းကို ကြိုးဆွဲချထားတဲ့ ညလို
ငါ့ကို အမှောင်ထဲမှာ ပစ်ထားခဲ့တော့
တရားဝင်စာရင်းမှာ မှတ်တမ်းမှတ်ရာမဲ့ခဲ့ပြီ
ဝှက်ထားလွန်းတဲ့ကျမ်းစာအုပ်က
ခြစားတတ်တယ် သိရဲ့လား
ပျော်ပါစေလေ
အချစ်က ရယူခြင်းတစ်ခုတည်းဆိုရင်
သမိုင်းမှာ
ဒီလောက် နာမည်ကျော်မှာ မဟုတ်ဘူး။ ။
my poem
16 years ago




Myanmar Kyat Converter
No comments:
Post a Comment